မိုင်းစံ ဇွန် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့၌ ဆေးလိပ်သောက်ခြင်း၏ ဆိုးကျိုးအသိပညာပေး Talk Show ကို ယနေ့နံနက် (၁၀)နာရီအချိန်ခန့်က မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ပြုလုပ်ခဲ့သည်၊၊
Talk Show ဆွေးနွေးရာတွင် မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ကေသွယ်စိုးနှင့် အငယ်တန်းစာရေး ဦးစိုင်းခေးလှိုင်းတို့က “ဆေးလိပ်သောက်ခြင်းအစမပြုရ၊ ဆေးလိပ်သောက်ခြင်း၏ ဆိုးရွားပုံ၊ ဆေးလိပ်သောက်ခြင်းဖြင့် ရောဂါရရှိလာပုံ” စသည့်အချက်များကို ဆွေးနွေးခဲ့ကြသည်၊၊
အဆိုပါ Talk Show ပွဲအစီအစဥ်အပြည့်အစုံကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် We love Mong San Page တွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်၊၊
မိုင်းစံ (ပြန်/ဆက်)