ငရုတ်ကောင်းမြို့တွင်၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ (၅၆) ဦးရှိကာ (၆၂.၂၂) ရာခိုင်နှုန်းရှိ

ငရုတ်ကောင်း ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့စာစစ်ဌာနတွင်၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာ‌မေးပွဲဖြေဆိုမှု အောင်စာရင်းများကို ယနေ့နံနက်၄နာရီအချိန်တွင် ထုတ်ပြန်ကြေငြာခဲ့ကြောင်း သိရသည်။

ငရုတ်ကောင်းမြို့စာစစ်ဌာနတွင်၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသူကျောင်းသား၊ ကျောင်းသူ(၉၀)ဦးရှိကာ အောင်မြင်သူ(၅၆)ဦးရှိ၍ (၃)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၁၅)ဦး၊ ရာခိုင်နှုန်းအားဖြင့်(၆၂.၂၂)ရှိကြောင်း ငရုတ်ကောင်းစာစစ်ဌာနမှ သိရသည်။

ငရုတ်ကောင်း (ပြန်/ဆက်)