တနင်္သာရီတိုင်းဒေသကြီးတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ၆၈.၀၃ ရာခိုင်နှုန်းအောင်မြင်

ထားဝယ်     ဇွန်  ၉

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်သူများစာရင်းအား မြန်မာနိုင်ငံတစ်ဝှမ်းရှိ သက်ဆိုင်ရာ မြို့နယ်အသီးသီး ၏မြို့နယ်ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ယနေ့နံနက်ပိုင်းမှစတင်၍ ထုတ်ပြန်လျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး /ခရိုင်/မြို့နယ်/မြို့ရုံးများတွင် တစ်ပြိုက်နက် ထုတ်ပြန်ပေးလျက်ရှိသည်။

တက္ကသိုလ်ဝင်တန်းအောင်မြင်သူများစာရင်းလာရောက်ကြည့်ရှုသူများအား စိတ်အေးချမ်းသာစွာ ကြည့်ရှုနိုင်စေရန်သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

တနင်္သာရီတိုင်းဒေသကြီးရှိစာစစ်ဌာနများတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက် ဖြေဆိုသူ ကျောင်းသား /ကျောင်းသူ စုစုပေါင်း ၃၉၀၇ ဦးရှိပြီး အောင်မြင်သူ ၂၆၅၈ ဦးရှိကာ အောင်ချက် ရာခိုင်နှုန်းမှာ ၆၈.၀၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)