ညောင်တုန်း ဇွန် ၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာ စာစစ်ဌာနများတွင် ထုတ်ပြန်ကပ်ထားကြေညာခဲ့ပြီး စာစစ်ဌာန(၁၁)ခုတွင် ဝင်ရောက်ဖြေဆိုသူ(၅၇၆)ဦးရှိရာ အောင်မြင်သူ ဦးရေ (၃၈၆)ဦးရှိပြီး မြို့နယ်အဆင့် ၆၇.၀၁ ရာခိုင်နှုန်း ဖြေဆိုအောင်မြင်ကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ညောင်တုန်းမြို့နယ်မှ (၅)ဘာသာဂုဏ်ထူး ရရှိသူ(၃) ဦး၊ (၄)ဘာသာ ဂုဏ်ထူးရရှိသူ(၃)ဦး၊ (၃)ဘာသာဂုဏ်ထူးရရှိသူ(၃၈) ဦး၊ (၂)ဘာသာဂုဏ်ထူး ရရှိသူ(၅၂)ဦး၊ (၁)ဘာသာဂုဏ်ထူး ရရှိသူ (၇၇)ဦးရှိပြီး ဘာသာရပ်အလိုက်ဂုဏ်ထူးရရှိသူ မြန်မာစာ (၈)ဦး၊ အင်္ဂလိပ်စာ (၂)ဦး၊ သင်္ချာ (၆)ဦး၊ ဓာတုဗေဒ (၁၁)ဦး၊ ရူပဗေဒ(၁၂)ဦး၊ ဇီဝဗေဒ (၂၅) ဦး၊ ပထဝီ(၈၁)ဦး၊ သမိုင်း(၆၁)ဦး၊ ဘောဂဗေဒ (၁၁၆)ဦး ရှိကြောင်း မြို့နယ် ပညာရေးမှူး ရုံးမှ သိရသည်။
ထက်ဝေဖြိုး(ပြန်/ဆက်)