တန့်ယန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူ (၅၈ ဒဿမ ၈၂) ရာခိုင်နှုန်းရှိ

တန့်ယန်း ဇွန်

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲမှ တန့်ယန်းစာဖြေဌာန အောင်စာရင်းများကို ယနေ့နံနက် ၆ နာရီမှ စတင်၍ မြို့နယ်ပညာရေးမှူးရုံးနှင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ထုတ်ပြန်ကြေညာထားသည်။

အဆိုပါ ၂၀၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၏ တန့်ယန်းစာဖြေဌာနတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၁၃)ဦး စာရင်းပေးသွင်းထားပြီး ကျောင်းသား၊ ကျောင်းသူ (၁၀၂)ဦးတို့ ဝင်ရောက်ဖြေဆိုခဲ့ကြရာ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၆၀)ဦး အောင်မြင်သည့်အတွက် အောင်ချက် ၅၈.၈၂ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)