မိုင်းယန်း ဇွန် ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက မိုင်းယန်းလူငယ်အသင်း အလုပ်အမှုဆောင်များမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိုင်းယန်းလူငယ်အသင်းဉက္ကဋ္ဌ ဦးစိုင်းရွက်ရှဲန်က မိုင်းယန်းလူငယ်အသင်း ဖွဲ့စည်းပြီးကာလအတွင်း လုပ်ငန်းများဆောင်ရွက်မှု အားနည်းချက်၊ အားသာချက်များနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများအပေါ် ရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက်လာသော အဖွဲ့ဝင်များမှ အသင်းဉက္ကဋ္ဌ၊ အတွင်းရေးမှူး၊ ဘဏ္ဍာရေးမှူးနှင့် အလုပ်အမှုဆောင်များ ဖွဲ့စည်းထားမှုအခြေအနေများ အသင်းအဖွဲ့ဝင်များအနေဖြင့် ပရဟိတအကျိုးဆောင်လုပ်ငန်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် ဆွေးနွေးကြောင်း သိရသည်။
ထွန်းထွန်းထူး