အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

မော်လမြိုင် ဇွန် ၉

(၃၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားဆုပေးပွဲနှင့် ပြခန်းများ ခင်းကျင်းပြသနိုင်ရေး အတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၁)နာရီက မော်လမြိုင်မြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်နယ်မူးယစ်တားဆီး ကာကွယ်ရေးအဖွဲ့ ဥက္ကဋ္ဌ လုံခြုံရေးနှင့်နယ်စပ်ရေးရာ၀န်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က အမှာစကားပြောကြားရာတွင် (၃၆)နှစ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား ဆုပေးပွဲနှင့် ပြခန်းများ ခင်းကျင်းပြသရာတွင် စစည်ကားသိုက်မြိုက်စွာနှင့် အောင်မြင်စွာကျင်းပနိုင်ရေး၊ ကော်မတီများလုပ်ငန်းဆပ်ကော်မတီများအနေဖြင့် သက်ဆိုင်ရာ ကဏ္ဍ အလိုက် ဆောင်ရွက်မည့်လုပ်ငန်း အစီအမံများအား ပူးပေါင်းညှိနှိုင်းဆွေးနွေးကြရန် ပြောကြားပြီး ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဦးတိုး၀င်းက ဖြည့်စွက် အမှာစကား ပြောကြားခဲ့သည်။

ထိုနောက် ပြည်နယ်မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မျိုးဆွေက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ချပြရှင်းလင်း ပြောကြားခဲ့ပြီး မူးယစ် အထောက်အကူပြုအဖွဲ့ ဦးသန်း၀င်းက ၂၀၁၉ ခုနှစ်တွင် ပြခန်းခင်းကျင်းဆောင်ရွက်ခဲ့မှုနှင့် ယခုပြခန်းဆောင်ရွက်မှုအကြမ်းဖျဉ်း  အစီအမံများအား ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသော လုပ်ငန်းကော်မတီအသီးသီးမှ တာ၀န်ရှိသူများက ညှိနှိုင်းဆွေးနွေးတင်ပြကြရာ ပြည်နယ်မူးယစ်တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ လုံခြုံရေးနှင့် နယ်စပ်ရေးရာ၀န်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။

ခရိုင်ပြန်/ဆက်