ရွှေဘို ဇွန် ၉
စစ်ကိုင်းတိုင်းဒေကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်တွင် ဒေသဖွံဖြိုးတိုးတက်ရေး ညှိနှိုင်းဆွေးနွေးပွဲ ကို ယမန်နေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းက ရုံးလုံခြုံရေးဂရုစိုက်ကြရန်၊ ထုတ်ပြန်ထားသော ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ -၁၄၄အရ၊ ည(၁၀) နံနက်(၄)နာရီအတွင်း ညမထွက်ရ အမိန့်နှင့် ဆိုင်ကယ်စီးနင်းရာတွင် လိုက်နာရမည့်အချက်များ ဒေသန္တရအမိန့်တို့ သည် တည်မြဲဆဲဖြစ်ကြောင်း၊ မိမိဌာနဝန်ထမ်းများအား အသိပေး၍ တိကျစွာ လိုက်နာကြရန်၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ ကိုဗစ်-၁၉ ကာကွယ်ဆေး (Booster) အပိုဆောင်း ထိုးနှံပေးနေမှုများ၊ စီမံကိန်းလျှာထားချက်များ ပြည့်မီကျော်လွန်ရေး၊ မိုးသီးနှံစိုက်ပျိုးရာသီဖြစ်၍တောင်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေးစီမံဆောင်ရွက်ရန်၊ နိုင်ငံ့စီးပွား မြှင့်တင် ရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်းများ၊ ဌာနဆိုင်ရာဆောင်ရွက်ဆဲလုပ်ငန်းများ အမြန် ပြီးစီးရေးပေါင်းစပ် ညှိနှိုင်းပေးရန်ရှိပါက တင်ပြရန် ဆွေးနွေးပြောကြားခဲ့ပြီး အဖွဲ့ဝင်(၁) ဗိုလ်မှူး က ဌာနဆိုင်ရာရုံးများတွင် နိုင်ငံတော်အလံလွှင့်တင်ရေး၊ နယ်မြေအေးချမ်း သာယာရေး လုပ်ငန်း များနှင့် ဌာနဆိုင်ရာများအနေဖြင့် ခရီးသွားရန်ရှိပါက အထက်အဆင့်ဆင့်သို့ အသိပေး ဆောင်ရွက်ရန်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးမှ နယ်မြေလုံခြုံရေး ဆောင်ရွက်နေမှုများ၊ လိုင်စင်မဲ့မော်တော်ကား၊ ဆိုင်ကယ်များ မောင်းနှင်ပါက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ သည်။
ထို့နောက် တက်ရောက်လာသော ဌာနဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူများ တင်ပြလာသော အခက်အခဲများအား သက်ဆိုင်ရာ ဌာနအလိုက် ဆောင်ရွက်ပေးမှု အခြေအနေများကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်