စစ်ကိုင်း ဇွန် ၉
စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် ဇွန် (၉) ရက်၊ နံနက်ပိုင်းက ဇေယျာရပ်ကွက် အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)သို့ သွားရောက်၍ ကျောင်းသား/ ကျောင်းသူများအား စာဖတ်ရှိန်မြှင့်တင်ရေးနှင့် လူငယ်အသိပညာပေး ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိဒေါ်မေဇင်မိုး က ကျောင်းသား/ကျောင်းသူများ အသိအလိမ္မာနှင့် ပညာဗဟုသုတများရရှိနိုင်စေရန် စာပေဖတ်ရှု ကြဖိုလိုကြောင်း၊ စာပေဖတ်ရှုလေ့လာခြင်းဖြင့် အမှား/အမှန်ခွဲခြားတက်ပြီး အသိပညာများရရှိလာမည်ဖြစ်ကြောင်း၊ မိမိတို့ဌာနအနေဖြင့် သုတ/ရသ စာအုပ်များကို အခမဲ့ငှားရမ်းပေးလျက်ရှိရာ စာအုပ်များကိုလာရောက်၍ ငှားရမ်းဖတ်ရှုသွားကြစေလိုကြောင်းနှင့် လူကုန်ကူးမှုဖြစ်စဉ်များ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာမည့် နောက်ဆက်တွဲအကျိုးဆက်များ အကြောင်းတို့ကို အသိပညာပေး ဆွေးနွေးခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခမဲ့ထုတ်ဝေသည့် အပြည်ပြည် ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်သတင်း စကားလက်ကမ်းစာစောင်များကို အဆိုပါကျောင်းရှိ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူလေးများအား အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
စစ်ကိုင်းခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ၊ ကျောင်းသား လူငယ်များအသိပညာဗဟုသုတများရရှိနိုင်စေရန် နေ့ကြီးနေ့မြတ်များတွင် ထုတ်ဝေသည့် သတင်းစကားလက်ကမ်း စာစောင်များအခမဲ့ဖြန့်ဝေပေးခြင်း၊ သုတ/ရသစာအုပ်များ အခမဲ့ငှားရမ်းပေးခြင်း၊ အသိပညာပေး Talk Show များ ပြုလုပ်ဆောင်ရွက်ခြင်းနှင့် ပြပွဲ/ ပြိုင်ပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင် (ပြန်/ဆက်)