ပင်းတယ ဇွန် ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်နှင့် ရွာငံမြို့နယ်တို့တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစားမေးမွဲအောင်စာရင်းကို ယနေ့နံနက် ၆ နာရီက မြို့နယ်ပညာရေးမှူးရုံးများနှင့် သက်ဆိုင်ရာစာစစ်ဌာနအသီးသီးတို့တွင် ထုတ်ပြန် ကြေငြာပေးခဲ့ရာ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း၌ အောင်ချက်(၇၁ ဒသမ ၀၇)ရာခိုင်နှုန်း အောင်မြင်ကြောင်း သိရသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား စာစစ်ဌာန(၄)ခုဖြင့် ကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူစုစုပေါင်း(၉၆၁)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး(၆၈၃)ဦး ဖြေဆိုအောင်မြင်ခဲ့ကြကြောင်းနှင့် အောင်မြင်သူများအနက် (၅)ဘာသာဂုဏ်ထူးရှင်(၄)ဦး၊ (၄)ဘာသာဂုဏ်ထူးရှင်(၁၂)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၄၃)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၈၂)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင်(၁၈၆)ဦး ပါဝင်ကြောင်း ဒေသပညာရေးမှူးရုံးမှ သိရသည်။
ရဲထက်ဦး(ပြန်/ဆက်)