သာယာဝတီ ဇွန် ၉
၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ ၈ရက်နေ့မှ ၁၈ရက်နေ့ထိကျင်းပခဲ့ရာ ယနေ့နံနက်ပိုင်းတွင် အောင်စာရင်းများထုတ်ပြန်ခဲ့ကြောင်း သိရသည်။
အဆိုပါစာမေးပွဲကို သာယာဝတီမြို့နယ်စာစစ်ဌာနဖြစ်သည့် အ.ထ.က (၁) သာယာဝတီ စာစစ်ဌာနတွင်ကျောင်းသား၊ ကျောင်းသူ ၃၆၈ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ အောင်မြင်သူ၂၆၄ ဦးအနက်မှ ၅ ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ ၄ ဘာသာဂုဏ်ထူးရှင်(၆)ဦး၊ ၃ ဘာသာဂုဏ်ထူးရှင်(၅)ဦး၊၂ ဘာသာဂုဏ်ထူးရှင်(၁၁)ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင်(၈၀)ဦးတို့ဖြစ်ပြီး အောင်ချက်ရာနှုန်းမှာ ၇၁.၇၄ ရာခိုင်နှုန်းဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သန့်ဇော် (ပြန်/ ဆက်)