သာကေတမြို့နယ်၊ ၃/မာန် ပြေရပ်ကွက်၊ မာန် ပြေ(၁၄)လမ်းအရှေ့မှ မီးဘေးသင့်အိမ်ထောင်စုများအတွက် အလှူငွေနှင့် ပစ္စည်းများ ထောက်ပံ့ လှူဒါန်း
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၌၊ ယမန်နေ့နံနက်(၇:၅၅)အချိန်၌ မီးလောင်မှုဖြစ်ပွားခဲ့သည့် ၃/မာန် ပြေရပ်ကွက်၊ မာန်ပြေ(၁၄)လမ်းအရှေ့ရှိ မီးဘေးသင့်အိမ်ထောင်စု(၁)စုနှင့် မီးလောင်မှုဖြစ်ပွားသည့် အနီးပတ်ဝန်းကျင်ရှိ မီးဘေးသင့်အိမ်ထောင်စု(၂)စု တို့အား ယမန်နေ့ ညနေ(၄)နာရီအချိန်က မရဝိဇရဓမ္မာရုံ၌ သာကေတမြို့နယ်၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာဝင်းနှင့် အဖွဲ့ဝင်တို့မှအလှူငွေနှင့် ပစ္စည်းများပေးအပ်လှူဒါန်း ခဲ့သည်။