မိုးညို ဇွန် ၉
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ရှိ စာစစ်ဌာနများတွင် ဇွန်လ ၉ ရက်နေ့ နံနက်ပိုင်းက ထုတ်ပြန်ကြေညာရာ ဝင်ရောက်ဖြေဆို ခဲ့သောကျောင်းသားကျောင်းသူ ၃၈၈ ဦးတွင် ၂၅၀ ဦးအောင်မြင်ခဲ့ကြောင်း သိရသည်။
မိုးညိုမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲများကို အ.ထ.က(မိုးညို)၊ အ.ထ.က(ထိန်တော)၊ အ.ထ.က(ရေကင်း)၊ အ.ထ.က(ပတ္တော်) နှင့် အ.ထ.က(ဆင်မနိုင်)၊ စာစစ်ဌာန (၅)ခုတို့တွင် ဝင်ရောက်ဖြေဆိုခဲ့သော တက္ကသိုလ်ဝင်တန်း ကျောင်းသားကျောင်းသူများ၏ အောင်စာရင်းအား သက်ဆိုင်ရာကျောင်းများအလိုက် ကြော်ငြာသင်ပုန်းများဖြင့် ထုတ်ပြန်ကြေညာထားပြီး တစ်မြို့နယ်လုံး၏အောင်စာရင်းအား မြို့နယ်ပညာရေးမှူးရုံးတွင် ထုတ်ပြန်ထားကြောင်း ဖြေဆိုသူ (၃၈၈)ဦးတွင် အောင်ချက်ရာခိုင်နှုန်း ၆၄ ဒသမ ၄၃ ရာခိုင်နှုန်းဖြင့် စုစုပေါင်း (၂၅၀) ဦးအောင်မြင်ခဲ့ပြီး တစ်ဘာသာဂုဏ်ထူးရှင် (၇၈)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် (၃၉)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၃၀)ဦး၊လေးဘာသာဂုဏ်ထူးရှင် (၄)ဦးနှင့် ရိုးရိုးအောင် (၉၉)ဦး ထူးချွန်စွာအောင်မြင်ခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ ဆက်)