လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ (၄၃) ဦး ကောက်ယူပြီးစီး

လယ်ဝေး ဇွန် ၉

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးခရိုင်ရုံး ဝန်ထမ်းများက လယ်ဝေးမြို့နယ် နောင်ဘို၊ ကြောင်ရေနှင့် ရှားချောင်းကျေးရွာများတွင် ဇီဝဆိုင်ရာအချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများအား ယမန်နေ့က စတင်ဆောင်ရွက်ခဲ့သည်။

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်နေသည့် နိုင်ငံအတွင်းနေထိုင်သူ အသက်(၁၀)နှစ်နှင့်အထက် နိုင်ငံသားတို့၏ Biographic Data နှင့် Biometric Data များကောက်ယူ၍ Database တွင် သိမ်းဆည်းပြီး ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်သတ်မှတ်၍ မှတ်ပုံတင်ထုတ်ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာသို့ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်သက် သွားရောက်ကြည့်ရှု၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ ယမန်နေ့ ညနေအထိ လယ်ဝေးမြို့နယ် ရှားချောင်းကျေးရွာတွင် ၈ ဦး၊ ကြောင်ရေရွာတွင် ၁၆ ဦး၊ နောင်ဘိုရွာတွင် ၁၉ ဦး၊ စုစုပေါင်း ၄၃ ဦး၏ Biometric Data ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)