မိတ္ထီလာမြို့နယ်တွင်၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက်ရာခိုင်နှုန်း ၆၈.၂၁ ရာခိုင်နှုန်းရှိ

မိတ္ထီလာ ဇွန် ၉

နိုင်ငံတစ်ဝန်းတွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူစာရင်းကို ယနေ့နံနက် ၆ နာရီကထုတ်ပြန်ခဲ့ရာ မိတ္ထီလာမြို့နယ်တွင်အောင်ချက်ရာခိုင်နှုန်းမှာ ၆၈.၂၁ ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။

မိတ္ထီလာမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကို  စာဖြေဌာန ၆ ခုတွင် ဖြေဆိုသူ ၁၈၈၁ ဦးရှိခဲ့ရာ အောင်မြင် သူ ၁၂၈၃ ဦး အောင်မြင်ခဲ့ပြီး တစ်မြို့နယ်လုံး၏ အောင်ချက်ရာခိုင်နှုန်းမှာ ၆၈.၂၁ ရာခိုင်နှုန်းဖြစ်သည်။ ဘာသာ ရပ်အလိုက် ဂုဏ်ထူးဖြင့်အောင်မြင်သူဦးရေနှင့် ဂုဏ်ထူးရဘာသာရပ်အရေအတွက်မှာ ၆ ဘာသာဂုဏ်ထူးရှင် ၆ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၂ဝ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၂၃ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၄၄ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၇၆ ဦး၊ ၁ ဘာသာဂုဏ်ထူးရှင် ၃ဝ၆ ဦး နှင့် ရိုးရိုးအောင်မြင်သူ ၈ဝ၉ ဦး ဖြစ်သည်။

မိတ္ထီလာမြို့နယ်၏ ၂ဝ၂၃ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းအား သက်ဆိုင်ရာ စာဖြေဌာနများတွင် နံနက် ၆ နာရီအချိန်က ထုတ်ပြန်ကြေညာပေးထားသကဲ့သော်လည်း စာမေးပွဲဝင်ရောက်ဖြေဆိုသူအများစုမှာ ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှအွန်လိုင်းမှ ထုတ်ပြန်ကြေညာပေးသော www.myanmarexam.org  တွင် ဝင်ရောက်ကြည့်ရှုကြခြင်းကြောင်း သိရသည်။

ချမ်းသာ