မက်မန်း ဇွန် ၉
၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၆ နာရီအချိန်က စတင်၍ ထုတ်ပြန်ကြေညာခဲ့ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်အတွင်း ၂၈ ဒသမ ၁၃ရာခိုင်နှုန်းဖြင့် အောင်မြင်ခဲ့ကြောင်း သိရသည်။
မက်မန်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတစ်ခုတည်းတွင် ကျောင်းသား/ ကျောင်းသူ (၃၂)ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး တစ်ဘာသာ ဂုဏ်ထူးရှင်(၂)ဦးထွက်ရှိကာ စုစုပေါင်း(၉)ဦးအောင်မြင်ခဲ့၍ မက်မန်းမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် ၂၈ ဒသမ ၁၃ရာခိုင်နှုန်းဖြင့် အောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာရေးဦးမှူးထံမှ သိရသည်။
စောဥမ္မာ(ခရိုင်၊ ပြန်/ဆက်)