ဒဂုံတောင် ဇွန် ၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများထုတ်ပြန်ခြင်းကို ယနေ့နံနက် ၄ နာရီက မြို့နယ်ပညာရေးမှူးရုံးနှင့် အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနများ၌ အသီးသီးထုတ်ပြန်ထားရှိရာ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများကလာရောက်ကြည့်ရှုကြကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲစာစစ်ဌာန(၃)၌ စာမေးပွဲဖြေဆိုရန်စာရင်းရှိ(၁၃၆၆)ဦး၊ ဖြေဆိုပေါင်း(၁၁၉၂)ဦးဖြေဆိုခဲ့ရာ အောင်မြင်သူ(၇၅၂)ဦးရှိပြီး (၆၃.၀၉)ရာခိုင်နှုန်းအောင်မြင်ကြောင်း သိရသည်။
ထို့အပြင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း (၆)ဘာသာဂုဏ်ထူးရှင်(၅)ဦး၊ (၅)ဘာသာဂုဏ်ထူးရှင်(၇)ဦး၊ သုံးဘာသာဂုဏ်ထူးရှင်(၂၀)ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင်(၄၅)ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင်(၁၅၉)ဦး စုစုပေါင်း(၂၆၈)ဦးရှိပြီးရိုးရိုးအောင်မြင်သူ (၄၈၄)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများထုတ်ပြန်ကြေညာရာ၌ လာရောက်ကြည့်ရှုသူများအဆင်ပြေကြည့်ရှုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာစာစစ်ဌာနအသီးသီးမှ ကျောင်းအုပ်ကြီးများနှင့် ဆရာ/ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများက လိုအပ်သည်များဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)