ကျိုက်မရောမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင် စာရင်းများထုတ်ပြန်

ကျိုက်မရော ဇွန် ၉

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်အတွင်း ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်ခြင်းကို ယနေ့ နံနက် ၅ နာရီက ကျိုက်မရောမြို့နယ် အထက်တန်းကျောင်း၌ ထုတ်ပြန်ကြေငြာထားကြောင်းသိရသည်။

ကျိုက်မရောမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း(၈)ကျောင်း၊ အ.ထ.က.ခွဲ (၁၁)ကျောင်းရှိရာ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသူ ကျောင်းသား ၄၆ ဦး၊ ကျောင်းသူ ၁၃၃ ဦး စုစုပေါင်း ၁၇၉ ဦးဝင်ရောက်ဖြေဆိုခဲ့ရာ အောင်မြင်သူ ကျောင်းသား ၂၅ဦး၊ ကျောင်းသူ ၇၉ ဦး စုစုပေါင်း ၁၀၄ ဦး အောင်မြင်ကြောင်းသိရသည်။

သုံးဘာသာ ၂ ဦး၊ နှစ်ဘာသာ ၇ ဦး၊ တစ်ဘာသာ ၁၉ ဦး စုစုပေါင်း ၂၈ ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်း မှာ (၅၈.၁၀)ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)