ရေကြည်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်ရာ အောင်မြင်သူ(၆၆.၇) ရာခိုင်နှုန်းရှိ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့ နံနက်(၆)နာရီ အချိန်က မြို့နယ်ပညာရေးမှူးရုံးတွင် ထုတ်ပြန် ကြေညာခဲ့ရာ မြို့နယ်အတွင်း ဖြေဆိုသူစုစုပေါင်း (၆၇၂)ဦးဖြေဆိုခဲ့ပြီး အောင်မြင်သူ (၄၄၄)ဦးဖြင့် အောင်ချက် ရာခိုင်နှုန်းမှာ (၆၆) ဒသမ (၀၇) ရာခိုင်နှုန်းအောင်မြင်ခဲ့ ကြောင်း သိရသည်။