ကျောက်ဖြူမြို့၊ မြို့မစည်ပင်သာယာဈေးကြီး၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ် မကျရောက်စေရန်နှင့် ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ရန်အတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်းကာ ယနေ့နံနက်ပိုင်းက မြို့မစည်ပင်သာယာဈေးကြီးသို့ သွားရောက်၍ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

၁၀၂ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကျင်းပ

၁၀၂ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၁၇ ရက် နံနက် ၉ နာရီ အချိန်က စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ အခြေခံပညာ အထက်တန်းကျောင်း (အင်းတော်) ရွှေရတုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အိမ်မဲမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ထုပ်ဆီးထိုးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်တွင် နိုဝင်ဘာလ(၁၇)ရက်နေ့တွင် ကျရောက်သော (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် မြို့နယ်အဆင့် ကျောင်းပေါင်းစုံ ဖူဆယ်ပြိုင်ပွဲ၊ ပိုက်ကျော်ခြင်း ပြိုင်ပွဲနှင့် ထုပ်ဆီးထိုးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၁ နာရီတွင် Happy ဖူဆယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

ကမမောင်းမြို့၌ (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် (၁၀၂)နှစ်မြောက်၊ အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ပြိုင်ပွဲနှင့်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၁)နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရှိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်မှ တွန်းအားပေးဆောင်ရွက်ရန် ကရင်ပြည်နယ် ဝန်ကြီးချုပ်လမ်းညွှန်မှာကြား

ကရင်ပြည်နယ်အတွင်း လုံခြုံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူ့ အကျိုးပြု လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်မြန်ဆန်စေရေးအတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁၀/၂၀၂၂) ကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

ကလိန်အောင်မြို့တွင် စာဖတ်ရှိန်မြင့်မားရေး Mobile စနစ်ဖြင့် စာအုပ်စာစောင်များလှည့်လည်ငှားရမ်းပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာဖတ်ရှိန်မြင့်မားစေရန် ရည်ရွယ်ချက်ဖြင့် စာပေဝါသနာရှင်များစာအုပ်စာပေများကို လွယ်လင့်တကူဖတ်ရှုနိုင်စေရန်အတွက် နယ်မြေမီးသတ်ရုံးသို့ Mobile စနစ်ဖြင့် စာအုပ်စာစောင်များငှားရမ်းပေးခြင်းကို ယနေ့မွန်းလွဲ(၁)နာရီက သွားရောက်ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ဒီရေတောဒေသများတွင် ပေါက်ရောက်သော ဓနိပင်များသည် လူသားတို့အတွက် များစွာ အကျိုးပြုပေးနိုင်

မြန်မာနိုင်ငံ ပင်လယ်ကမ်းရိုးတမ်းဒေသနှင့် မြစ်ကမ်းရိုး ဒီရေတောဒေသများတွင် သဘာဝ အလျောက် ပေါက်ရောက်လေ့ရှိသည့် ဓနိပင်များမှ ဓနိဖူး၊ ဓနိအရွက်၊ ဓနိအရိုးတံ၊ ဓနိသီး အစရှိသော ဓနိပင်တစ်ပင်လုံးသည် လူသားတို့အတွက် များစွာအကျိုးပြုပေးလျက်ရှိသည်။

ကျောက်ဖြူမြို့၌ အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၌ ၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ၏ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းကျောင်းများမှ ကျောင်းအုပ်ကြီးများအား သက်ဆိုင်ရာလုပ်ငန်းများ၌ စွမ်းဆောင်ရည်မြင့်မာလာစေရေးအတွက် အခြေခံပညာကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံးရှိ ကုမုဒြာခန်းမတွင် ကျင်းပပြုလုပ်သည်။

ကန်ကြီးထောင့်မြို့နယ်တွင် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့၊ အမှတ် (၁)ရပ်ကွက်၊ အခြေခံပညာအထက်တန်း ကျောင်းအမျိုးသားခန်းမ၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို နိုဝင်ဘာလ ၁၇ ရက်နေ့၊ နံနက် ၈ နာရီ အချိန်၌ ကျင်းပခဲ့သည်။

ပူတာအိုမြို့နယ်၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားကို နိုဝင်ဘာ(၁၇) ရက် နံနက်(၁၀)နာရီက ပူတာအိုမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပသည်။
Subscribe to