ရေကြည်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထုတ်ပြန်ရာ အောင်မြင်သူ(၆၆.၇) ရာခိုင်နှုန်းရှိ

ရေကြည် ဇွန် ၉

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရေကြည်မြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို ယနေ့ နံနက်(၆)နာရီ အချိန်က မြို့နယ်ပညာရေးမှူးရုံးတွင် ထုတ်ပြန်ကြေညာခဲ့ရာ မြို့နယ်အတွင်း ဖြေဆိုသူစုစုပေါင်း (၆၇၂)ဦးဖြေဆိုခဲ့ပြီး‌ အောင်မြင်သူ (၄၄၄)ဦးဖြင့် အောင်ချက် ရာခိုင်နှုန်းမှာ (၆၆) ဒသမ (၀၇) ရာခိုင်နှုန်းအောင်မြင်ခဲ့ ကြောင်း သိရသည်။ 

အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို ရေကြည်မြို့နယ်အတွင်း စာစစ်ဌာန(၉)ခုထားရှိ၍ ကျင်းပဖြေဆိုခဲ့ရာ မြို့နယ်အတိုင်းအတာအနေဖြင့်(၆)ဘာသာဂုဏ်ထူးရှင် (၂) ဦး၊ (၅)ဘာသာဂုဏ်ထူးရှင် (၅) ဦး၊  (၄)ဘာသာဂုဏ်ထူးရှင် (၁၁) ဦး ၊ (၃)ဘာသာဂုဏ်ထူးရှင် (၅၄) ဦး ၊ (၂)ဘာသာဂုဏ်ထူးရှင် (၄၈) ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၁၁၂) ဦး၊ စုစုပေါင်းဂုဏ်ထူးရ ကျောင်းသား/ကျောင်းသူ (၂၃၂)ဦး ထူးချွန်အောင်မြင်ခဲ့ကြကြောင်း သတင်းရရှိသည်။

မြို့နယ် (ပြန်/ဆက်)