လယ်ဝေး ဇွန် ၉
ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club)နှင့် စာပေဝါသနာရှင်များ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ လယ်ဝေးမြို့နယ် စာပေချစ်မြတ်နိုးသူများအသင်းမှ ဦးဇော်အောင်က စာပေဖတ်ရှုသည့် အလေ့အထကောင်းများ တိုးပွားရရှိကာ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတများ အပြန်အလှန် ဖလှယ်ဆွေးနွေးနိုင်ရေးနှင့် စာပေမြတ်နိုးသူများအချင်းချင်း ချစ်ခင်စည်းလုံးမှု ပိုမိုရရှိစေရေးရည်ရွယ်ကာ စာဖတ်ဝိုင်း ပြုလုပ်ခြင်းဖြစ်ပါကြောင်းနှင့် စာရေးဆရာမဇင် (ရန်ကုန်တက္ကသိုလ်) ရေးသားထားသည့် အိပ်မက်ကောင်းကင် လူငယ်ဝတ္ထုတိုများ စာအုပ်ပါ အကြောင်းအရာ များအား မိတ်ဆက်ဆွေးနွေးသည်။
ထို့နောက် စာရေးဆရာမ သက်သက်နွယ်(ရန်ကုန်တက္ကသိုလ်)၊ လယ်ဝေးမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းမှ စာပေဝါသနာရှင် ဦးခင်မောင်ထွန်း၊ ဦးတင်ငွေတို့မှ စာရေးဆရာမဇင် (ရန်ကုန်တက္ကသိုလ်) ရေးသားထားသည့် အိပ်မက်ကောင်းကင် လူငယ်ဝတ္ထုတိုများ စာအုပ်ပါ အကြောင်းအရာများအား အသီးသီး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုက်ထိုက်( ပြန်/ဆက် )