မာန်အောင်မြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုအောင်မြင်သူ ၂၁၅ ဦးရှိ

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ၈ရက်နေ့မှ ၁၈ ရက်နေ့ထိ ကျင်းပခဲ့ရာ ယနေ့နံနက်ပိုင်းတွင် အောင်စာရင်းများ ထုတ်ပြန်ပြီဖြစ်သည်။

မင်္ဂလာဒုံမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဘာသာစုံဂုဏ်ထူးရှင် ၂ ဦးအပါအဝင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၅၁ ဦး အောင်မြင်

ရန်ကုန်တိုင်းဒေသကြီး ၊ မြောက်ပိုင်းခရိုင် ၊ မင်္ဂလာဒုံမြို့နယ်တွင် ၂၀၂၃ ခုနှစ် ၊ တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၄ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်းနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ထုတ်ပြန်ကြေညာခဲ့ရာ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၈၅၁ ဦး ဖြေဆိုအောင်မြင်ခဲ့ကြောင်းသိရသည်။

မိုခါမုန်တိုင်းဒဏ်သင့်ဒေသများသို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းမှ ငွေကျပ် (၁,၂၅၀,၀၀၀) ကျပ်လှူဒါန်း

မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သည့် ရခိုင်ပြည်နယ်အပါအဝင် ဘေးသင့်ဒေသများသို့ မိုခါမုန်တိုင်းကြောင့် ဖြစ်ပေါ်လာသော ထိခိုက်မှုများအား ကူညီပံ့ပိုးပေးရေးအတွက် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းကိုယ်စား ဒုတိယဥက္ကဋ္ဌ (၂) ဦးရဲဝင်းနှင့် ယာယီအထွေထွေအတွင်းရေးမှူး ဦးကျော်ဇေယျတို့မှ ငွေကျပ် (၁,၂၅၀,၀၀၀) ကျပ်ကို ယမန်နေ့က ကုန်သည်စက်မှုအသင်းချုပ် (UMFCCI) သို့လာရောက်လှူဒါန်းခဲ့ရာ UMFCCI Task Force အတွင်းရေးမှူး ဒေါ်ခိုင်ခိုင်နွယ်နှင့် အဖွဲ့ဝင် ဦးမျိုးသန့်တို့မှ လက်ခံရယူခဲ့သည်။

ပုသိမ်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများထုတ်ပြန်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တွင် ၂၀၂၃ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းကို ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာစာစစ်ဌာနများတွင် ထုတ်ပြန်ကပ်ထားကြေညာခဲ့ပြီး စာစစ်ဌာန (၁၁)ခုတွင် ဝင်ရောက်ဖြေဆိုသူ(၁၆၂၀)ဦးရှိရာ အောင်မြင်သူဦးရေ (၁၀၁၉)ဦး ရှိပြီး အောင်ချက်ရာ နှုန်း (၆၂.၉၀%) ဖြေဆိုအောင်မြင်ကြောင်းသိရသည်။

၂၀၂၃-ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ ကျောက်ပန်းတောင်းမြို့နယ်တွင် ဘာသာစုံဂုဏ်ထူးရှင် ၄ ဦးထွက်ပေါ်၊ အောင်ချက်ရာခိုင်နှုန်း ၇၇.၉၇ ရာခိုင်နှုန်းရှိ

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇွန်လ(၉)ရက် နံနက်(၆)နာရီမှ စတင်၍ တစ်နိုင်ငံလုံး တစ်ပြိုင်နက် ထုတ်ပြန်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စာစစ်ဌာန(၄)ခုနှင့် မြို့နယ်ပညာရေးမှူးရုံးတို့၌ အောင်စာရင်းမျာကို ကြော်ငြာဘုတ်များတွင် ကပ်၍ ထုတ်ပြန်ကြေညာခဲ့ကြောင်းသိရသည်။

မိုင်းယောင်းမြို့နယ်၌ ပါးစပ်နှင့်နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု ဆောင်ရွက်

မိုင်းယောင်းမြို့နယ်၌ ပါးစပ်နှင့်နှာခေါင်းစည်းတပ်ဆင်ရေးလှုပ်ရှားမှု ဆောင်ရွက် မိုင်းယောင်း ဇွန် ၉ ဝေဝေခိုင်(ပြန်/ဆက်)

ကန့်ဘလူမြို့၌ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်းနှင့် ကျန်းမာရေးစောင့် ရှောက်မှုများ အခမဲ့ ဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ရဟန်းရှင်လူပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်မိသားစုဝင်များ၊ ပြည်သူများအား ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေးများကို အရှိန်အဟုန်မြှင့် ထိုးနှံပေးလျက်ရှိရာ ဇွန် ၉ ရက်နံ နက်ပိုင်းက ကန့်ဘလူမြို့ စည်ပင်သာယာခန်းမ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရမ်းဗြဲမြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် (၆၈.၁၉) ရာခိုင်နှုန်းအထိ အောင်မြင်မှုရှိ

၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်သူများစာရင်းအား မြန်မာနိုင်ငံတစ်ဝှမ်းရှိ သက်ဆိုင်ရာမြို့နယ်အသီးသီး၏ မြို့နယ်ပညာရေးမှုးရုံးများနှင့် စာစစ်ဌာနများတွင် ယနေ့နံနက် ၆ နာရီမှ စတင်၍ ထုတ်ပြန်လျက်ရှိရာ ရမ်းဗြဲမြို့နယ်၌ အဆိုပါ တက္ကသိုလ်ဝင်တန်းအောင်စာရင်းအား ကျောင်းသား၊ကျောင်းသူများနှင့် ကျောင်းသားမိဘများက လာရောက်ကြည့်ရှုလျက်ရှိသည်။

မွန်ပြည်နယ်အတွင်းရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူ ၄၁၇၂ ဦးရှိ

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိကျင်းပခဲ့ရာ ယနေ့နံနက်ပိုင်း အောင်စာရင်းများထုတ်ပြန်ချက်အရ ပြည်နယ်အတွင်းရှိ စာစစ်ဌာနများတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်သူ ၄၁၇၂ ဦး ရှိကြောင်း သိရသည်။

ဆွမ်ပရာဘွမ်မြို့၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင် တန်း စာမေးပွဲအောင်စာရင်းများကို မြို့နယ်ပညာရေးမှူးရုံးနှင့် အခြေခံပညာ အထက်တန်းကျောင်းတွင် ယနေ့နံနက်(၆)နာရီက စတင်၍ ထုတ်ပြန်ကြေငြာပေးထားကြောင်း သိရသည်။
Subscribe to