တက္ကသိုလ်ဝင်စာမေးပွဲတွင်  မြိတ်မြို့နယ်၌ (၆)ဘာသာဂုဏ်ထူးရှင်(၉)ဦး အပါအဝင် ဂုဏ်ထူးရကျောင်းသား/သူ(၇၀၁)ဦးရှိပြီး အောင်မြင်သူ(၁၅၄၆)ဦးရှိ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်တွင် (၂၀၂၂-၂၀၂၃)ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ၌ ဖြေဆိုခဲ့ကြသော ကျောင်းသား/သူများတွင် (၆)ဘာသာဂုဏ်ထူးရှင်(၉)ဦးအပါအဝင် ဂုဏ်ထူးများဖြင့် အောင်မြင်ခဲ့ကြသော ကျောင်းသား/သူ(၇၀၁)ဦးရှိကာ အောင်မြင်သူ စုစု ပေါင်း (၁၅၄၆)ဦးရှိခဲ့ပြီး အောင်ချက်ရာခိုင်နှုန်းအနေဖြင့် (၇၂.၃၄)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေး မှူးရုံးမှ သိရသည်။

ဗန်းမော်မြို့နယ်၏ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်မှုရာခိုင်နှုန်း ယခင်နှစ်များထက် မြင့်မားလာ

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းကို ယနေ့ နံနက် ၆ နာရီက စတင်၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထုတ်ပြန်ခဲ့ရာ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်၏ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်မှုရာခိုင်နှုန်း (၇၅.၁၅) ရာခိုင်နှုန်းအထိရှိပြီး ယခင်နှစ်များထက် အောင်မြင်မှုရာခိုင်နှုန်း မြင့်မား ကြောင်း သိရသည်။

ဖာပွန်ခရိုင်အတွင်း တက္ကသိုလ်ဝင်တန်းအောင်စာရင်း အောင်ချက်ရာခိုင်နှုန်း (၅၉.၇၇) ရာခိုင်နှုန်းအောင်မြင်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း အောင်စာရင်းကို မြန်မာနိုင်ငံတစ်နိင်ငံလုံးတွင် ဇွန်လ(၉)ရက်နေ့၌ ထုတ်ပြန်လျက်ရှိရာ ဖာပွန်ခရိုင်အတွင်းတွင် အောင်ချက်ရာခိုင်နှုန်း (၅၉.၇၇) ရာခိုင်နှုန်း အောင်မြင်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

သာ​ကေတမြို့နယ်တွင် ၂၀၂၃ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများထုတ်ပြန်ရာ အောင်ချက်ရာခိုင်နှုန်း ၆၈.၀၆ ရာခိုင်နှုန်းအောင်မြင်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၄ နာရီက စာစစ်ဌာနများဖြစ်သည့် အမှတ် (၁)၊(၂) အခြေခံပညာ အထက်တန်းကျောင်းများတွင်ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

လပွတ္တာမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ၆၃.၈၁ ရာခိုင်နှုန်းဖြေဆိုအောင်မြင်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၌ ယနေ့ နံနက် ၆ နာရီအချိန်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို စာစစ်ဌာန ၇ ခု၌ ထုတ်ပြန်ထားရာ ကျောင်းသား၊ ကျောင်းသူ ၆၃.၈၁ ရာခိုင်နှုန်းအောင်မြင်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ထားဝယ်မြို့တွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် သုတ/ရသစာအုပ်စာစောင်များငှားရမ်းပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ ခရိုင် ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Busဖြင့် သုတ/ရသစာအုပ် စာစောင်များတင်ဆောင်၍ လှည့်လည် ငှားရမ်းပေး လျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် ထားဝယ်မြို့၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာနရုံးဝင်းအတွင်းရှိ ဝန်ထမ်းများနှင့်မိသားစုဝင်များအား သုတ/ရသ စာအုပ် စာစောင်များငှားရမ်းပေးခဲ့ကြောင်းသိရသည်။

လှိုင်းဘွဲမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်မှု(၇၁.၅၂)ရာခိုင်နှုန်းရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၌ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြသည့် ကျောင်းသား(၉၆)ဦး၊ ကျောင်းသူ(၂၂၀)ဦး၊ စုစုပေါင်း(၃၁၆)ဦးရှိခဲ့ရာ ဖြေဆိူအောင်မြင်သူကျောင်းသား(၆၀)ဦး၊ ကျောင်းသူ(၁၆၆)ဦး၊ စုစုပေါင်း(၂၂၆)ဦးရှိခဲ့ပြီး အောင်မြင်မှု ရာခိုင်နှုန်း(၇၁.၅၂)ရှိကြောင်းသိရသည်။

ဟုမ္မလင်း၌ဟုမ္မလင်း၌ သက်ကြီးဘိုးဘွားများကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကုသခန်းမဆောင်တွင် သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက် ပေးခြင်းကို ​​ယနေ့ နံနက် (၉)နာရီမှ ၁၂ နာရီထိ အပတ်စဥ်သောကြာနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်၌ ၂၀၂၃ခုနှစ် တက္ကသိုလ်၀င်ခွင့်စာမေးပွဲတွင် (၅)ဘာသာဂုဏ်ထူးရှင်အပါအဝင် ဂုဏ်ထူးရသူ(၁၄)ဦးဖြင့် အောင်မြင်သူ ၆၀ ရာခိုင်နှုန်းရှိ

၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တက္ကသိုလ်ဝင် စာမေးပွဲများကို စာစစ်ဌာနအသီးသီးတွင် ကျင်းပခဲ့ပြီး ယနေ့ဇွန်လ ၉ ရက်နေ့တွင် သက်ဆိုင်ရာစာစစ် ဌာနကျောင်းများ၊ မြို့နယ်ပညာရေးမှူးရုံးများနှင့်  မြန်မာနိုင်ငံစာစစ်ဦးစီးဌာန website တို့တွင် အောင်စာရင်းများ ထုတ်ပြန်ကြေညာခဲ့ပြီး

ဒေါပုံမြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ယနေ့နံနက် ၄ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးတွင် ထုတ်ပြန်ကြေညာခဲ့ရာ ဖြေဆိုထားကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် မိဘများက လာရောက်ကြည့်ရှုခဲ့ကြသည်။
Subscribe to