ထန်းတပင်(ပဲခူး) ဇွန် ၉
၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်မြင်သူများစာရင်းအား မြန်မာနိုင်ငံတစ်ဝှမ်းရှိ သက်ဆိုင်ရာမြို့နယ်အသီးသီးရှိ မြို့နယ်ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် ယနေ့နံနက်(၆)နာရီ အချိန်မှစတင်၍ ထုတ်ပြန်လျက်ရှိကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်တန်းအောင်မြင်သူများစာရင်း လာရောက်ကြည့်ရှုသူများစိတ်အေးချမ်းသာစွာ ကြည့်ရှုနိုင်စေရန် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထန်းတပင်မြို့နယ်ရှိ စာစစ်ဌာန(၁)ခုတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၁၅၁)ဦးရှိကာ အောင်မြင်သူ(၁၁၂)ဦးရှိပြီး အောင်ချက်ရာခိုင်နှုန်းမှာ(၇၄.၁၇)ရာခိုင်နှုန်းရှိပြီး (၄)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၃)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၄၆)ဦးရှိပြီး စုစုပေါင်း(၁၁၂)ဦးအောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
မြို့နယ်(ပြန်/ဆက်)