အင်းစိန်မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို  ယနေ့နံနက် ၄ နာရီက မြို့နယ်ပညာရေးမှူးရုံးနှင့် သက်ဆိုင်ရာစာစစ်ဌာန အသီးသီးတို့တွင် ထုတ်ပြန်ကြေညာထားပြီး

တောင်ကြီးမြို့နယ်၌ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်း ထုတ်ပြန်

ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို

ပုဇွန်တောင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အရှိန်အဟုန်မြှင့် ထိုးနှံပေး

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှုထိန်းချုပ်ကာကွယ်ရေးအတွက် ကာကွယ်ဆေးထိုးနှံရန် အကျုံးဝင်သူပြည်သူများအား ကိုဗစ် -၁၉ရောဂါ ကာကွယ်ဆေးများကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီး ဌာနတွင် ထိုးနှံပေးခဲ့ရာ ပုဇွန်တောင်မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်ဝင်းလှိုင်နှင့်အဖွဲ့ဝင်များ လာရောက်ကြည့်ရှုအားပေးခဲ့သည်။

လပွတ္တာမြို့နယ်၌ အခြေခံကျေးလက်တိရစ္ဆာန်ကျန်းမာရေးနှင့် မွေးမြူရေး အသိပညာပေးသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်တွင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် စွမ်းဆောင်ရှင်အမျိုးသမီး လူမှုဖွံ့ဖြိုးရေးကူညီမှုအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် အခြေခံကျေးလက်တိရစ္ဆာန် ကျန်းမာရေးနှင့် မွေးမြူရေးအသိပညာပေး သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်(၁၀) နာရီ အချိန်က မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဟောပြော

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေး အသိပညာပေးဟောပြောခြင်းကို ခရိုင်အမျိုးသမီးရေးရာအဖွဲ့နှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သီရိရတနာခန်းမ၌ ပြုလုပ်သည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ ညောင်ဦးခရိုင်၌ အောင်မြင်မှု ရာခိုင်နှုန်း ၇၄.၂၆ ရာခိုင်နှုန်း အောင်မြင်

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇွန် ၉ ရက်၊ နံနက် ၆နာရီ မှစတင်၍ တစ်နိုင်ငံလုံး တစ်ပြိုင်နက် ထုတ်ပြန်ခဲ့ရာ မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်တွင် အောင်မြင်မှု ရာခိုင်နှုန်း ၇၄.၂၆ ရာခိုင်နှုန်း အောင်မြင်ခဲ့ကြောင်း ညောင်ဦးခရိုင် ပညာရေးမှူး ဒေါ်မိမိအောင်ထံက သိရသည်။

အင်းလေးဒေသရေပေါ် သင်္ကြန်ရောင်စုံဓာတ်ပုံပြိုင်ပွဲ ဆုချီးမြင့်ပွဲကျင်းပ

၁၃၈၄ ခု၊ ၂၀၂၃ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)အင်းလေး ရေပေါ်သင်္ကြန် စည်းကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန်နှင့် ခရီးသွားပြည်သူများ လာရောက်လေ့လာ လည်ပတ်နိုင်ရန် ရည်ရွယ်၍ အင်းလေးဒေသ ရေပေါ်သင်္ကြန် ရောင်စုံဓာတ်ပုံပြိုင်ပွဲများ ကျင်းပပေးခဲ့ရာ ယမန်နေ့နံနက်ပိုင်းက တောင်ကြီးမြို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၃)တွင် ရေပေါ်သင်္ကြန် ရောင်စုံဓာတ်ပုံပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့်ပွဲကျင်းပပေးကြောင်း သိရသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ဒေသခံပြည်သူများအား အခမဲ့ဆေးကုသမှုပေးနေမှုတို့ကို ဗိုလ်မှူးချုပ်ဝင်းမောင်နှင့်တာဝန် ရှိသူများ လာရောက်ကြည့်ရှုအားပေး

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၌ မုန်တိုင်းဒဏ်ခံရသည့် ဒေသခံပြည်သူများအား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ပါရဂူဗိုလ်ကြီး ဝေတိုးသူ ဦးဆောင်သော ဆေးကုသရေးအဖွဲ့လာရောက်၍ ယနေ့နံနက်(၈)နာရီမှ (၁၂) နာရီအထိ၊ ပုဏ္ဏားကျွန်းမြို့နယ်၊ လက်ဝဲစာတိုက်ကျေးရွာ အ.ထ.က(ခွဲ)ကျောင်း၌ ဒေသခံပြည်သူများအား အခမဲ့ဆေးကုသမှုပေးနေမှုတို့ကို ဗိုလ်မှူးချုပ် ဝင်းမောင်နှင့်တာဝန်ရှိသူများ လာရောက်ကြည့် ရှုအားပေးခဲ့ကြသည်။

ကသာပညာရေးဒီဂရီကောလိပ်၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာပညာရေး ဒီဂရီကောလိပ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက် (၉)နာရီအချိန်က ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သံတွဲမြို့နယ်မှ တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုအောင်မြင်သူ ၅၂၆ ဦးရှိ

၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့ထိ ကျင်းပခဲ့ရာ ယနေ့နံနက်ပိုင်းတွင် အောင်စာရင်းများ ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
Subscribe to