ငပုတောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများ ထုတ်ပြန်ကြေညာ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်စာရင်းများကို ယနေ့ နံနက်ပိုင်းက မြို့နယ် ပညာရေးမှူးရုံးနှင့် ငပုတောမြို့နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်းများတွင် ထုတ်ပြန်ကြေညာခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် ၆၅ ဒသမ ၆၁ ရာခိုင်နှုန်း အောင်မြင်

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများအား စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင်(၁၃)ခရိုင်နှင့် နာဂဒေသတို့မှ စာစစ်ဌာနများ၏ အောင်စာရင်းများကို ယနေ့ နံနက်ပိုင်း က ထုတ်ပြန်ကြေညာခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် အောင်ချက် ၆၅ ဒသမ ၆၁ ရာခိုင်နှုန်းအောင်မြင်ကြောင်း သိရသည်။

ဖြူးမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား (၇၂.၆၂) ရာခိုင်နှုန်းအောင်မြင်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ၂၀၂၂ -၂၀၂၃ ပညာသင်နှစ် တက္ကသိုလ် ဝင်တန်းစာမေးပွဲ အောင်မြင်သူစာရင်းများကို စာစစ်ဌာန(၂)ခုဖြစ်သည့် ဖြူး အ.ထ.က(၁) ကျောင်းနှင့် ကညွတ်ကွင်း အ.ထ.က(၁)ကျောင်းတို့တွင် ယနေ့နံနက်(၆)နာရီအချိန်မှစတင်၍ ထုတ်ပြန်ခဲ့ရာ ဖြေဆိုအောင်မြင်မှု ရာခိုင်နှုန်း (၇၂.၆၂) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ပျဉ်းမနားမြို့နယ်၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေး

ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာဖတ်သူများလက်ဝယ်အရောက် စာအုပ်များ လိုက်လံငှားရမ်းပေးမှုကို ရပ်ကွက်‌/ကျေးရွာများအရောက် လိုက်လံငှားရမ်း‌ပေးနေလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် မြို့နယ်ရုံးဝန်ထမ်းများက မြောက်လွတ်ကုန်းကျေးရွာသို့ သွားရောက်ငှားရမ်းပေးကြသည်။

၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အုတ်တွင်းမြို့နယ်မှ အောင်ချက်ရာခိုင်နှုန်း ၇၀ ဒသမ ၆၅ ဖြင့်အောင်မြင်

၂၀၂၂-၂၀၂၃ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ယနေ့နံနက် ၆ နာရီမှစတင်ကြေညာပေးလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်မှ အောင်ချက်ရာခိုင်နှုန်း ၇၀ ဒသမ ၆၅ ဖြင့်အောင်မြင်ခဲ့ကြောင်း သိရသည်။

နောင်ချိုမြို့၌ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပ

နောင်ချိုမြို့၌ သွေးလွန်တုပ်ကွေးကြိုတင်ကာကွယ်ရေးအသိပညာပေး Talk Show ကျင်းပ နောင်ချို ဇွန် ၉ သန်းသန်းထွေး

ကန်ကြီး‌ထောင့်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ၆၈.၄၄ ရာခိုင်နှုန်း ဖြေဆိုအောင်မြင်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ယနေ့ နံနက် ၆ နာရီအချိန်တွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို စာစစ်ဌာန ၉ ခု၌ ထုတ်ပြန်ထားရာ ကျောင်းသား၊ ကျောင်းသူ ၆၈.၄၄ ရာခိုင်နှုန်းအောင်မြင်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများထုတ်ပြန်ကြေညာ

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်စာရင်းများကို ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ရှိစာစစ်ဌာနများနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ယနေ့နံနက်ပိုင်းက ထုတ်ပြန်ကြေညာရာဝင်ရောက်ဖြေဆိုခဲ့သော ကျောင်းသား၊ ကျောင်းသူ ၃၂၅ ဦးတွင် ၂၅၇ ဦးအောင်မြင်ခဲ့ကြောင်းသိရသည်။

မိုင်းယောင်းမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ

မိုင်းယောင်းမြို့နယ်တွင် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ မိုင်းယောင်း ဇွန် ၉ ဝေဝေခိုင်(ပြန်/ဆက်)

လယ်ဝေးမြို့နယ်ရုံးတွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Talk Show ဆောင်ရွက်

လယ်ဝေးမြို့နယ်ရုံးတွင် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Talk Show ဆောင်ရွက် လယ်ဝေး ဇွန် ၉ နေရည်ဝန်းရွှေ(ပြန်/ဆက်)
Subscribe to