ကြာအင်းဆိပ်ကြီး ဇွန် ၉
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ပညာရေးဝန်ကြီးဌာန၊အခြေခံပညာဦးစီးဌာနမှ ၂၀၂၃ခုနှစ်၊ မတ်လ(၈)ရက်နေ့၌ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာစစ်ဌာနများ အသီးသီးတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား ပြလုပ်ကျင်းပခဲ့ရာ ဇွန်လ ၉ရက်နေ့ ယနေ့နံနက်ပိုင်းအချိန်က မြန်မာနိုင်ငံစာစစ်ဌာနမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို နိုင်ငံတစ်ဝန်းလုံး၌ တစ်ပြိုင်နက်တည်း ထုတ်ပြန်ကြေညာပေးခဲ့ရာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှ ၇၁.၅၃% ရာခိုင်နှုန်းဖြင့် အောင်မြင်ခဲ့ကြောင်းသိရသည်။
အဆိုပါ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို ကြာအင်းဆိပ်ကြီးမြို့ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာန၌ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ တက္ကသိုလ်ဝင်တန်းကျောင်းသား ကျောင်းသူ (၂၉၅)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ဂုဏ်ထူးရရှိသူ တစ်ဘာသာမှ ငါးဘာသာအထိဂုဏ်ထူးရရှိသူ (၁၂၅) ဦးရှိခဲ့ပြီး စုစုပေါင်းဖြေဆိုအောင်မြင်သူ (၂၁၁)ဦး အောက်ချက်ရာခိုင်နှုန်း ၇၁.၅၃% ရာခိုင်နှုန်းရှိခဲ့ပြီး ကရင်ပြည်နယ်အတွင်း၌ အောင်ချက်ရာခိုင်နှုန်း အကောင်းဆုံးမြို့နယ်ဖြစ်ကြောင်းသိရသည်။
မျိုးမင်းဦး