ရေတာရှည် ဇွန် ၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်တွင် ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ဇွန်လ ၉ ရက်နေ့က မြို့နယ်ပညာရေးမှူးရုံးများနှင့် စာစစ်ဌာနများတွင် နံနက်(၆)အချိန်မှစတင်၍ ထုတ်ပြန်ကြေညာလျက်ရှိကြောင်းသိရသည်။
ရေတာရှည်မြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန(၆)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား/ကျောင်းသူစုစုပေါင်း(၅၅၆) ဦးရှိပြီးအောင်မြင်သူ(၄၁၃)ဦး၊ အောင်ချက်ရာခိုင်နှုန်းမှာ(၇၄.၂၈)ရာခိုင်နှုန်းရှိကြောင်းနှင့် (၄)ဘာသာဂုဏ်ထူးရှင်(၃)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင်(၆)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင်(၂၉)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင်(၁၀၂)ဦး ထူးချွန်စွာအောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှသိရသည်။
မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ၂၀၂၃ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို အွန်လိုင်းစနစ်ဖြင့် ဇွန်လ ၉ ရက်နေ့နံနက်အချိန်က စတင်ထုတ်ပြန်ကြေညာထားခဲ့ပြီး ရေတာရှည်မြို့နယ်အနေဖြင့် အောင်စာရင်းကြေညာခြင်းကို ဇွန်လ ၉ ရက်နေ့ နံနက်(၆)မှစတင်၍ ညနေ(၄) နာရီထိကြည့်ရှုနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်းသိရသည်။
ရေတာရှည်(ပြန်/ဆက်)