ခရမ်းမြို့နယ်၌ ၂၀၂၃ခုနှစ် တက္ကသိုလ်၀င်ခွင့်စာမေးပွဲအောင်စာရင်းထုတ်ပြန်
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် အခြေခံပညာဦးစီးဌာနမှ ၂၀၂၃ ခုနှစ် မတ်လ ၈ ရက်နေ့မှ ပြုလုပ်ခဲ့သည့် တက္ကသိုလ်၀င်ခွင့်စာမေးပွဲအောင်စာရင်းကို ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာစာစစ်ဌာနနှင့် မြို့နယ်ပညာရေးမှူးရုံးတို့တွင် ထုတ်ပြန်ထားကြောင်း သိရသည်။