ရေနံချောင်း ဇွန် ၉
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်အတွက် ရေနံချောင်းတက္ကသိုလ်ကို ဇွန် ၁ ရက်နေ့နံနက်ပိုင်းက စတင်ဖွင့်လှစ်ခဲ့ရာ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ဒုတိယပညာသင်ကာလအတန်းနှင့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမပညာသင်ကာလအတန်းများ အပါအဝင် အထူးပြုဘာသာရပ်အသီးသီးတွင် အတန်းအလိုက် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ တက်ရောက်ပညာသင်ကြား လျက်ရှိကြောင်း သိရသည်။
ရေနံချောင်းတက္ကသိုလ်တွင် ယခုနှစ် ကျောင်းအပ်လက်ခံခြင်းကို မေ ၂၃ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ပြီး ကျောင်းစတင်ဖွင့်လှစ်နေ့မှစ၍ အဆောင်နေ ကျောင်းသားကျောင်းသူများအပါအဝင် ကျောင်းသား၊ ကျောင်းသူများအားလုံး စိတ်အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနိုင်ရေးအတွက် တာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ကြီးကြပ်စီမံဆောင်ရွက်ပေးလျက်ရှိကြောင်း အဆိုပါတက္ကသိုလ်ပါမောက္ခချုပ်ထံက သိရသည်။
မောင်ညီညာ