ချောင်းသာမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူ (၆၁ ဒဿမ ၂) ရာခိုင်နှုန်းရှိ

ချောင်းသာ ဇွန် ၉

၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းကို ယနေ့ ဇွန်လ ၉ ရက်နေ့က ထုတ်ပြန်ခဲ့ရာ ပုသိမ်ခရိုင်၊ ချောင်းသာမြို့အနေဖြင့် အောင်မြင်မှု (၆၁ ဒဿမ ၂) ရာခိုင်နှုန်းရှိကြောင်း သိရသည်။

ချောင်းသာမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ၁၁၆ ဦး ရှိခဲ့ပြီး၊ ဖြေဆိုအောင်မြင်သူ ၇၁ ဦး အနက် (၄) ဘာသာဂုဏ်ထူးရှင်(၁)ဦး၊ (၂)ဘာသာ ဂုဏ်ထူးရှင် (၂)ဦးနှင့် (၁)ဘာသာဂုဏ်ထူးရှင် (၁၄) ဦး ထွက်ပေါ်ခဲ့ကြောင်းသိရသည်။

ကျော်ကျော်(ပြန်/ဆက်)