လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ၂၀၂၃ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများ ထုတ်ပြန်ကြေညာ

လှိုင်သာယာ(အနောက်ပိုင်း) ဇွန် ၉

ရန်ကုန်တိုင်းဒေသကြီး အင်းစိန်ခရိုင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို  ယနေ့နံနက် ၄ နာရီ က အ.ထ.က(၂)ကျောင်းနှင့် အ.ထ.က(၃)ကျောင်းများတွင် ထုတ်ပြန်ကြေညာထားရာ ကျောင်းသား ကျောင်းသူများနှင့် မိဘပြည်သူများ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။

လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား(၂၉၁) ဉီး၊ ကျောင်းသူ  (၄၂၇) ဉီး၊ စုစုပေါင်း (၇၁၈) ဉီး ဝင်ရောက်ဖြေဆိုခဲ့ပြီး စာမေးပွဲအောင်မြင်သူ ကျောင်းသား (၂၀၁) ဉီး၊ ကျောင်းသူ (၃၁၉) ဉီး   စုစုပေါင်း (၅၂၀) ဉီး ဖြေဆိုအောင်မြင်ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်အနေဖြင့် စာမေးပွဲအောင်ချက် ရာခိုင်နှုန်း (၇၂.၄၂)ရှိပြီး ဂုဏ်ထူးရရှိသူဉီးရေမှာ ဘာသာစုံဂုဏ်ထူးရှင်  ၄ ဦး ငါးဘာသာဂုဏ်ထူးရှင် ဉီး၊ လေးဘာသာဂုဏ်ထူးရှင် ၂၁ ဉီး၊ သုံးဘာသာဂုဏ်ထူးရှင် ၄၂ ဉီး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၅၃ ဉီး၊ တစ်ဘာသာဂုဏ်ထူးရှင် ၁၂၅ ဉီး စုစုပေါင်း ၂၅၄ ဉီး ဂုဏ်ထူးရရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြင့်ဇော် (ပြန် / ဆက်)