လမ်းမတော် ဇွန် ၁၁
Greater Mekong Subregion Business Council ၏ ၂၀၂၃ ခုနှစ်အတွက် ပထမအကြိမ်မြောက် Board of Directors' Meeting ကို ယမန်နေ့တွင် Hybrid စနစ်ဖြင့်ကျင်းပခဲ့ပြီး GMS Business Council ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ GMS BC Myanmar ဒါရိုက်တာ ဦးမိုးကျော်၊ ကုန်သည်စက်မှု အသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာ အေးအေး၊ အလုပ်အမှု ဆောင် ဒေါ်လှလှရီနှင့် IR Advisor ဦးတင့်ဆွေတို့ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် GMS BC ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် ဒုတိယဥက္ကဋ္ဌ Mr. Oudet Souvannavong တို့က အဖွင့်အမှာစကားပြောကြားခဲ့ကြပြီး GMS BC Myanmar ဒါရိုက်တာ ဦးမိုးကျော်က GMS BC၏ လှုပ်ရှားဆောင်ရွက်ချက်များ၊ အစီအစဉ်များနှင့် ဆက်လက်အကောင် အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့ရာ GMS BC အနေဖြင့် ASEAN Joint Business Council, GMS Ministerial Conference, GMS Senior Officials' Meeting များတွင် ပါဝင်တက်ရောက်ခဲ့ခြင်း၊ Web Based SME Forum, GMS Logistics Database,GMS Younger e.Entrepreneur Network စသည်တို့ကို ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရန်တို့ ပါရှိသည်။
မဟာမဲခေါင်ဒေသတွင်း နိုင်ငံများ၏ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တို့ကို ပူးပေါင်းမြှင့်တင်ရန်အတွက် တက်ရောက်လာသည့် GMS BC ၏ ဒါရိုက်တာများ၊ အဖွဲ့ဝင် များနှင့် တာဝန်ရှိသူများက ပါဝင် ဆွေးနွေးခဲ့ကြပြီး Migrant Worker Project, Carbon Project, Lao-China Railways အတွက် ရှေ့ဆက်ပူးပေါင်း ဆောင်ရွက်ရန်အချက်များ၊ Cross-Border Transportation Agreement ကနဦးဆောင်ရွက်ပြီးစီးမှုအခြေအနေ စသည့်ကိစ္စရပ်များနှင့်စပ် လျဉ်း၍ အသီးသီးရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ GMS အဖွဲ့ဝင်နိုင်ငံများဖြစ်သော တရုတ်ပြည်သူ့သမ္မတနိုင်ငံ(ယူနန်ပြည်နယ်)၊ လာအို၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံ တို့မှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များတက်ရောက်ခဲ့ကြကြောင်းသိရသည်။
ကျော်ဆန်းမြင့်