စမ်းချောင်းမြို့နယ် အ‌.ထ.က (၄) တွင် “မူးယစ်ဆေးဝါးဒို့ရှောင်ရှား” ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ကျင်းပပြုလုပ်

စမ်းချောင်း ဇွန် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ စမ်းချောင်းမြို့နယ်၊ အမှတ် () အ‌ခြေခံပညာအထက် တန်းကျောင်းရှိ တော်ဝင်ခန်းမ၌‌‌ ကျောင်းသားလူငယ်များ မူးယစ်‌ဆေးဝါး အန္တရာယ်‌ကြောင့် လူ့စွမ်းအားအရင်းအမြစ် မဆုံးရှုံးစေရေး ရည်ရွယ်ချက်ဖြင့် မူးယစ်ဆေးဝါးဒို့ရှောင်ရှားခေါင်းစဖြင့် ဟောပြောပွဲကို ယမန်နေ့ နေ့လည် (၁) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် စမ်း‌ချောင်းမြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦး‌အေးလင်းက ဟောပြောရာတွင် ဘိန်းပင်၏ မူလစတင်ပေါက်ရောက်ရာ ဒေသအကြောင်း၊ မြန်မာနိုင်ငံသို့ ဘိန်းစတင်ရောက်ရှိလာပုံ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်စေသည့် နောက်ဆက်တွဲ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး‌ ဖြန့်ဖြူး‌ရောင်းချမှု‌ကြောင့် တရားဥပ‌ဒေစိုးမိုးမှုအ‌ပေါ် ထိခိုက်ပျက်ပြားစေမှုများ၊ အနာဂတ်လူငယ်များ မူးယစ်ဆေးဝါးသုံးစွဲမှု ကြောင့်လူ့စွမ်းအားအရင်းအမြစ်များ ပျက်စီးဆုံးရှုံးကြရပုံများကို အကျယ်တဝင့် ဟောပြောခဲ့သည်။

အဆိုပါဟောပြောပွဲသို့ အမှတ် (၄) အခြေခံပညာ အထက်တန်းကျောင်းမှ အထက်တန်းနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ စုစုပေါင်း (၂၅၀) ဦးခန့် တက်ရောက်ခဲ့သည်။

စမ်းချောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် အများပြည်သူများ အသိပညာဗဟုသုတရရှိရေးအတွက် ဟောပြောပွဲများ ပြုလုပ်ပေးခြင်း၊ နံရံကပ်စာစောင်များ ပြသပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဖြူးပေးခြင်း၊ Talk Show များ ပုံပြောအစီအစဉ်များ ပြုလုပ်၍ Online စနစ်ဖြင့် ထုတ်လွှင့်ပေးခြင်း၊ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် ပြည်သူလူထု သိသင့်သိထိုက်သည့် သတင်အချက်အလက်များအား Welove Page နှင့် စာကြည့်တိုက် Page များမှ အချိန်နှင့်တပြေးညီ ထုတ်လွှင့်ပေးခြင်းများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိရသည်။

ဦးအေးလင်း