မော်လမြိုင်ကျွန်း ဇွန် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦး ဆောင်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှကြီးမှူး၍ သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေး၊ သစ်ပင်များစိုက်ပျိုးခြင်းဖြင့် ဒေသတွင်းအပူချိန်လျော့ကျလာစေရန်၊ သစ်တောသစ်ပင်များ ပြုန်းတီးမှုမဖြစ်ပေါ်စေရန်၊ ကြီးမြန်သောသစ်ပင်များစိုက်ပျိုးလျှင် စွမ်းအင်လည်းရစေရန်၊ ပြည်လည်းလှပမှုရှိစေရန်ရည်ရွယ် ၍ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် (၁၀)နာရီ အချိန်က ပုံဂံပုံကြီးကျေးရွာ အုပ်စု၊ ပုံဂံပုံကြီး-ပုံဂံပုံလေးကျေးရွာချင်းဆက်လမ်း မြေပေါ်တွင် ကျင်းပဆောင်ရွက်သည်။
ရှေးဦးစွာ စိုက်ပျိုးမည့်ပျိုးပင်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သစ်တောဦးစီးဌာန မြို့နယ်ဦးစီးမှူးမှ တက်ရောက်လာသူများထံ အပင်များပေးအပ်၍ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ကျင်းပခဲ့သည်။
အဆိုပါမိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူး မင်းလွင်၊ အဖွဲ့ဝင် (၃) ဦးစောဝဏ္ဏ၊ အတွင်းရေးမှူး ရဲမှူးမိုးစိန်၊ မြို့နယ်ဌာနဆိုငိရာအကြီးအကဲများ၊ မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီအရာရှိ ဦးသန်းမင်းဌေးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူ များ၊ ကျောင်းသား၊ကျောင်းသူများနှင့်အတူအင်အား ၂၀၀ ဦးခန့်ဖြင့်မဟော်ဂနီအပင် ၂၀၀ နှင့် မန်ဂျန်ရှား အပင် ၃၀၀ စုစုပေါင်း ၅၀၀ အား စုပေါင်းစိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ရဲကိုမောင်(ပြန်/ဆက်)