ပြင်ဉီးလွင်မြို့ အ.မ.က (၁၄) ကျောင်းအတွင်း/အပြင် သန့်ရှင်းသာယာလှပရေးနှင့် ခြုံနွယ်အမှိုက်များ ကင်းစင်ရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက် 

ပြင်ဦးလွင် ဇွန်  ၁၁

မန္တလေးတိုင်းဒေသကြီး၊  ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ် ရပ်ကွက်ကြီး (၃) ရှိ အ.မ.က (၁၄) ကျောင်းဝင်း အတွင်း/အပြင် သန့်ရှင်းသာယာလှပရေး၊ ခြုံနွယ်အမှိုက်များကင်းစင်ရေးနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်ပွဲကို ယမန်နေ့နံနက် ၇ နာရီခွဲက အဆိုပါ ကျောင်းဝင်းအတွင်း ကျင်းပပြုလုပ်ခဲ့သည်။   

အဆိုပါ ပြင်ဉီးလွင်မြို့နယ်အတွင်း နေထိုင်ကြသော  ပြည်သူလူထု၏ကျန်းမာရေးကောင်းမွန်စေရေး၊ သန့်ရှင်းသာယာလှပသော  ကျောင်းပတ်ဝန်းကျင်ကောင်းများ ဖြစ်ပေါ်စေရေးနှင့် ကလေးငယ်များ အေးချမ်းပျော်ရွှင်စွာ စာသင်ကြားနိုင်ရေးတို့အတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို ပြင်ဉီးလွင် တပ်နယ်မှ အရာရှိစစ်သည်များနှင့် တပ်ဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊  ပြင်ဉီးလွင်ခရိုင်ရဲတပ်ဖွဲ့၊  မြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊  ခရိုင်/ မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ ဆရာ/ဆရာမများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော  စုစုပေါင်းအင်အား (၃၆၆) ဉီးခန့်တို့က  ခြုံနွယ်အမှိုက်များရှင်းလင်းခြင်း၊ ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေးသန့်ရှင်းရေး ဆောင်ရွက်ခြင်းနှင့် ရေစီးရေလာကောင်းမွန်ရေးလုပ်ငန်းများအား အင်တိုက်အားတိုက် စုပေါင်းဆောင်ရွက်ကြောင်း သိသည်။           

အဆိုပါစုပေါင်းသန့်ရှင်းရေးပြုလုပ်နေသည့် အ.မ.က (၁၄) ကျောင်းသို့ ပြင်ဦးလွင်တပ်နယ်မှ တပ်နယ်မှူး ဗိုလ်ချုပ်စိုးမြတ်ထွဋ်နှင့် အရာရှိစစ်သည်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ကျော်ထွန်းနှင့်အဖွဲ့ဝင်များ၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် အဖွဲ့ဝင်များက  လာရောက်ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။ 

ဖြူလူသစ်(ခရိုင်၊ ပြန်/ဆက်)