ကလေး ဇွန် ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့ နံနက်ပိုင်းက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ သန့်ရှင်းရေးပြုလုပ်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှစိုးတို့မှ အနီးကပ်ကြီးကြပ်၍ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ နယ်မြေခံတပ်ရင်းမှတပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ လာရောက်ခဲ့ကြပြီး မီးဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် သန့်ရှင်းသာယာ လှပစေရန်ရည်ရွယ်၍ သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များ ဖယ်ရှားရှင်းလင်းပေးခြင်း၊ အမှိုက်သရိုက်များကို မော်တော်ယဉ်များဖြင့်သတ်မှတ် အမှိုက်စွန့်ပစ်သည့် နေရာများသို့ သွားရောက်စွန့်ပစ်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
သန့်ရှင်းရေးပြုလုပ်သည့် အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းတွင် စုစုပေါင်းအင်အား ၃၀၀ ဦးဖြင့် ဆောင်ရွက်ခဲ့ကြပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို အပတ်စဉ် စနေ့နေ့တိုင်း အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။
ကလေး