ကလေးဝမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (Talk Show) ပြုလုပ်

ကလေးဝ ဇွန် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့ ပြန်ကြားရေးနှင့်ပြည့်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)တွင် ယခုလ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ပြည်သူများ အသိအမြင် ဗဟုသုတရစေရန် ရည်ရွယ်၍ လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဥ်ဖြင့် (Talk Show)ကို ယမန်နေ့နေ့လည် ၁း၀၀ က ပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါ (Talk Show)တွင် ကလေးဝ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်ဝင်းထွန်းနှင့် ဒုတိယဦးစီးမှူး ဒေါ်ဇာဇာလှိုင်းတို့က မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်၊ မူးယစ်ဆေးဝါးသုံးစွဲရခြင်း၏ အကြောင်းရင်းများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဆိုးကျိုးများနှင့် ကျောင်းသားလူငယ်များ သိရှိလိုက်နာသင့်သည့် အချက်များကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

သက်ဟန်(ကလေးဝ)