မိုးညို ဇွန် ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ အခြေခံပညာစာသင်ကျောင်းများတွင် ကျောင်းမုန့်ဈေးရောင်းချသူများအား ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းနှင့် မုန်းဈေးရောင်းချသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့နံနက် ၁၀ နာရီကပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်ဆရာဝန်ကြီးဒေါက်တာကျော်မိုးက ကျန်းမာရေးနှင့်ညီညွတ်သော ကျောင်းမုန့်ဈေးတန်းများ ပေါ်ပေါက်လာစေရန်၊ စာသင်ကျောင်းမုန့်ဈေးတန်းဈေးသည်များတွင် ကျန်းမာရေးနှင့်ပတ်သက်သော အသိပညာများတိုးပွားလာစေရန်၊ နောင်လာမည့်မျိုးဆက်သစ်များ ကျန်းမာရေးထိခိုက်မှုအန္တရာယ်မှကင်းဝေးပြီး သက်တမ်းစေ့အသက်ရှည်နေထိုင်နိုင်စေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ကျောင်းမုန့်ဈေးတန်းအစားအသောက် ဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့်ပတ်သက်သည့် သိကောင်းစရာများအား ရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံဦးဇော်ထွန်းက စားသုံးသူကာကွယ်ရေးဉပဒေပါ ကုန်ညွှန်းအမှတ်အသားများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် မြို့နယ်ဆရာဝန်ကြီးနှင့် ကျန်းမာရေးဆရာ/ဆရာမများက ကျောင်းဈေးရောင်းချသူများကို ဆီးချို၊ သွေးချို၊ သလိပ်စစ်၊ ကူးစက်ရောဂါများရှိမရှိစစ်ဆေးပေးခြင်းနှင့် လိုအပ်ပါကဓါတ်မှန်ရိုက် စစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုမင်း(ပြန်/ဆက်)