ရာသီအလိုက် ဟင်းသီး၊ ဟင်းရွက်စိုက်ပျိုးခြင်းဖြင့် အပိုဝင်ငွေများရ၍ မိသားစုအတွက် အဆင်ပြေ

မိုင်းရှူး ဇွန် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်အတွင်း တောင်သူတစ်ဦးက ပြောင်း၊ မြေပဲ၊ ဆန်ပါးစိုက်ပျိုးခြင်း လုပ်ငန်းများအပြင် တစ်ဘက်တလမ်းမှ ဝင်ငွေရရှိသည့် မီးဖိုချောင်သုံး  ဟင်းသီး၊ ဟင်းရွက်စိုက်ပျိုးခြင်းဖြင့် မိသားစုအတွက် အပိုဝင်ငွေများရရှိကြောင်း သိရသည်။

ဟင်းသီး၊ ဟင်းရွက်များကို ရာသီအလိုက် စိုက်ပျိုးကြရာ နွေရာသီချိန်တွင် ချဥ်ပေါင်၊ ဖရုံနှင့်ပဲသီး၊ မိုးရာသီချိန်တွင် ပြောင်းဖူး၊ မုန်ညင်း၊ ရုန်းမတီ၊ ပဲတောင့်ရှည်၊ ခဝဲရွက်၊ ကန်ဇွန်းရွက်၊ မေမြို့ပန်းနှင့် ဆောင်းရာသီတွင် မုန်ညင်း၊ ကြက်သွန်၊ နံနံပင်များ စိုက်ပျိုးကြောင်း ဟင်းသီးဟင်းရွက်စိုက်ပျိုးရာတွင် ကိုယ်တိုင်ပျိုးထောင်ထားကြောင်း၊ တစ်ပိုင်တနိုင် စိုက်ပျိုးသည့်အတွက် ကုန်ကျစရိတ်သက်သာကြောင်း ဒေသခံတောင်သူတစ်ဦးထံမှ သိရသည်။

သန်းလူ(ပြန်/ဆက်)