ကာလိမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ်ဝန်ထမ်း သား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေးပေးအပ်

ကာလိ ဇွန် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကျောင်းနေအရွယ် ဝန်ထမ်းသား၊သမီးများ ပညာသင်ထောက်ပံ့ကြေးနှင့် ကျောင်းသုံး ဗလာစာအုပ်များ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်ခန့်က အဆိုပါ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှေ့ဦးစွာ ကာလိမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့အုပ်ချုပ်ရေးမှူး ဦးစန်းမြင့်သန်းမှ အဖွင့်အမှာ စကားပြောကြားရာ ကျောင်းသား၊ကျောင်းသူများအနေဖြင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး၊ လိမ္မာ ယဉ်ကျေးမှုရှိစေရေးတို့အတွက် မိဘများအနေဖြင့် သွန်သင်ဆုံးမလမ်းပြစေလိုကြောင်း ပြောကြားပြီး ကျောင်းသား၊ကျောင်းသူများအား အထက်တန်းအဆင့် ၁  ဦး အား ၁၅၀၀၀ နှုန်း၊ အလယ်တန်းအဆင့် ၂ ဦးအား ၁ ဦးလျင် ၁၀၀၀၀ နှုန်း၊  မူလတန်းအဆင့် ၆ ဦး အား  ၁ ဦး လျင် ၅၀၀၀ နှုန်းနှင့် ကျောင်းသုံး ဗလာစာအုပ် ၁ ဒါဇင်စီ ကျောင်းသား၊ကျောင်းသူစုစုပေါင်း (၈)ဦး အားအသီးသီးထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

ထင်ထင် (ကာလိ၊ပြန်/ဆက်)