သနပ်ပင် ဇွန် ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် မြို့နယ်အတွင်းသဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေပြီး၊ အပူဒဏ်အန္တရာယ်လျော့နည်းစေရန်၊ ရာသီဥတုညီညွတ်မျှတစေရန်၊ အရိပ်အာဝါသများရရှိစေရန် ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အ.ထ.က (သနပ်ပင်) ကျောင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လင်းထက်နှင့်အဖွဲ့ဝင်များ၊ ပဲခူးမြို့နယ် သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးတင်ထွန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ အ.ထ.က(သနပ်ပင်) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း အင်အား(၁၆၁)ဦးခန့်ဖြင့် ငုရွှေဝါ(၁၉)ပင်၊ ပျဉ်းမ(၁၉)ပင်၊ ကံ့ကော်(၁၉)ပင်၊ ခရေ(၁၉)ပင်၊ စိန်ပန်း(၁၉)ပင်၊ စွယ်တော်(၁၉)ပင်၊ တရုတ်တည်(၆)ပင် စုစုပေါင်း (၁၂၀)ပင်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
လှမိုး(ပြန်/ဆက်)