စဉ့်ကိုင် ဇွန် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက် ၁၀ နာရီအချိန်က Woman Club အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာ၊ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့်တရားမ၀င်ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပြိုင်ပွဲများကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င်ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲများ၊ မူလတန်းအဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲနှင့် ပန်းချီပြိုင်ပွဲများကျင်းပသွားမည်ဖြစ်ကြောင်း ပြုလုပ်မည့် အစီအစဉ်ကို အသေးစိတ် ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနာယက ဦးသန်းအောင်ကကျောင်းများ ဖိတ်ခေါ်ရာတွင် အစိုးရကျောင်းများအပြင် ကိုယ်ပိုင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများကိုလည်း ဖိတ်ခေါ်စေလိုကြောင်း အကြံပြု ဆွေးနွေးခဲ့သည်။
ဆက်လက်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းအတွင်းရေးမှူးဦးအေးကိုက ပြိုင်ပွဲများတွင် ပြိုင်ပွဲ၀င်ဦးရေ သတ်မှတ်ပြီးအကဲဖြတ် အမှတ်ပေးဒိုင်များရွေးချယ်ရေးများကို တင်ပြဆွေးနွေးခဲ့ပြီး ဦးသန်း၀င်း(ပညာရေးငြိမ်း) ဒေါ်ခင်ဆန်း၊ အမျိုးသမီးရေးရာအဖွဲ့၀င်နှင့်တက်ရောက်လာသောစာပေချစ်သူများအဖွဲ့ကလည်း ဆုများပေးအပ်ချီးမြှင့်နိုင်ရေး ကျောင်းများသို့ဖိတ်ကြားရေးစသည့် ကိစ္စရပ်များကို ဝိုင်း၀န်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
၀င်း၀င်းသန်း(စဉ့်ကိုင်)