လမ်းမတော် ဇွန် ၁၂
မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သည့် ရခိုင်ပြည်နယ်အပါအဝင် ဘေးသင့်ဒေသများသို့ မိုခါမုန်တိုင်းကြောင့် ဖြစ်ပေါ်လာသော ထိခိုက်မှုများအား ကူညီပံ့ပိုးပေးရေးအတွက် မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်း ဥက္ကဋ္ဌဒေါ်ကြွေကြွေဇင်၊ ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြတ်သီတာမြင့်နှင့် အဖွဲ့ဝင်များမှငွေကျပ်(၁၆၇)သိန်းနှင့် အဝတ်အထည်များ၊ လူသုံးကုန်ပစ္စည်းများ ၊ ကလေးအာဟာရမှုန့်များ၊ သွားတိုက်ဆေး၊ သွားတိုက်တံများ T - Shirt များ၊ စားသုံးဆီများ လာရောက်လှူဒါန်းခဲ့ရာ UMFCCI Task Force အတွင်းရေးမှူးဒေါ်ခိုင်ခိုင်နွယ်မှ လက်ခံရယူခဲ့သည်။
ကုန်သည်စက်မှုအသင်းချုပ်သည်ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးရှိ မိုခါမုန်တိုင်းဒဏ်သင့်ခဲ့သောအဆောက်အဦးများ၊ ဆေးရုံ၊ ဆေးခန်းများ၊ စာသင်ကျောင်းများအတွက် အမိုးအကာများ လုံလောက်စွာ ထောက်ပံ့ပေးပို့နိုင်ရေး၊ ဘေးသင့်ပြည်သူများအတွက်အစားအသောက်များ၊ ဆေးဝါးများ၊ အဝတ်အထည်များ၊ အလှူငွေများ လှူဒါန်းပေးနိုင်ရေးကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ဆက်သွယ်၍ အလျင်မြန်ဆုံး ထိရောက်စွာ လှူဒါန်းပေးလျက်ရှိကြောင်း သတင်းရရှိသည်။
ကျော်ဆန်းမြင့်