မိုင်းစံ ဇွန် ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းစံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသာကျောင်းသူများအား ယနေ့နံနက်(၁၀)နာရီအချိန်က အ-ထ-ကကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းတို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ကေသွယ်စိုးမှ မိမိဌာနအနေဖြင့် ပြည်သူကို ဝန်ဆောင်မှုပေးနေသည့်ဌာနဖြစ်ကြောင်း စာကြည့်တိုက်သို့ လူကြီး၊ လူငယ်၊ လူလတ်မရွေးဝင်ထွက်သွားလာလို့ရကြောင်း၊ စာကြည့်တိုက်သို့ လက်ရောက်ရန်အခက်အခဲရှိနေသည့် စာဖတ်ပရိတ်သတ်များ လက်ဝယ်အရောက်စာငှားစနစ်ဖြင့် ဆောင်ရွက်ပေးနေကြောင်း စာကြည့်တိုက်ကိုအသုံးချတတ်စေရန် ရည်ရွယ်၍ ဆောင်ရွက်ပေးနေကြာင်း ရှင်းလင်းပြောကြားပြီး၊ ဆက်လက်၍ စာဖတ်ခြင်းမှရရှိသည့် အကျိုးကျေးဇူးများ၊ အသိပညာဗဟုသုတဆိုင်ရာအကြောင်း အရာများကိုဟောပြောခဲ့ကြောင်း သိရသည်။ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူစုစုပေါင်း(၇၅)ဦးခန့်ရှိကြောင်း သိရသည်။ ထို့နောက် သုတ၊ ရသစာအုပ်များ စုံလင်စွာခင်းကျင်းပြသခဲ့ပြီး တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား မိမိတို့ကြိုက်နှစ်သက်သည့် စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းပေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မိုင်းစံ(ပြန်/ဆက်)