တံတားဦး ဇွန် ၁၂
တံတားဦးခရိုင် တံတားဦးမြို့နယ် သူငယ်တော်ကျေးရွာ၌ ပဲပုပ်ချပ်တစ်ပိဿာလျှင် တစ်သောင်းကျော် ရရှိသဖြင့် ပြုလုပ်ရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်းသိရသည်။
ပဲပုတ်ချပ်ပြုလုပ်မည်ဆိုပါက ပထဦးစွာပဲပုတ်စေ့ကိုနူးအောင် မီးဖြင့်ပြုတ်ရကြောင်း၊ နူးအိလာသည့် ပဲပုတ်စေ့များကို စကာအတွင်းသုံးရက်ခန့် ရေစစ်အောင်ထားရပြီး ရေစစ်သွားသော ပဲပုတ်စေ့များကို ဆုံအတွင်း ကြေညက်အောင်ထောင်းရပြီး ပဲပုတ်ပြုလုပ်မည့် အဝိုင်းတွင် အလုံးလေးများလုံးကာ အဝိုင်းပြားလေးများ ဖြစ်လာစေရန် လက်ဖြင့်ဖိပေးရကြောင်း၊ ယင်းနောက်ပဲပုတ်ချပ်လေးများ ဖြစ်လာပြီး ရရှိ လာသော ပဲပုတ်ချပ်ရေးများကို ၂လက်မအကွက် ၈ ပေ၊ ၆ ပေရှိ ဝါးထရံပေါ်တွင်လည်းကောင်း၊ မိုးကာအစပေါ်တွင်လည်းကောင်း တင်၍နေပြရကြောင်း၊ နေအရှိန်ပူပြင်းပါက တစ်ရက်သာလှန်းရပြီး နေအရှိန် မပူပြင်းပါက နှစ်ရက်(သို့မဟုတ်) သုံးရက်ခန့် လှန်းရပါကြောင်း အခြောက်ခံပြီး ရရှိသော ပဲပုတ်များကို တစ်ပိဿာလျှင် တစ်သောင်းကျော်ဖြင့် မိမိကျေးရွာအတွင်းလှည့်လည်၍ ရောင်းချပေးသည်။ ယခင်က ပဲပုတ်တစ်ပိဿာလျှင် ငွေကျပ်(၆၀၀၀)မှ(၇၀၀၀)ကျပ်သာ ရရှိသော်လည်း ယခုအခါ ပဲပုတ်တစ်ပိဿာ လျှင် ငွေကျပ် တစ်သောင်းကျော် ရရှိသဖြင့် မိသားစု အဆင်ပြေလျက်ရှိကြောင်း ပဲပုတ်ချပ် ပြုလုပ် ရောင်းချသူ သူငယ်တော်ကျေးရွာမှ မအေးမူထံမှ သိရသည်။
ပဲပုတ်များကို မီးအပူပေးကာ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးစိမ်းများဖြင့် ထောင်း၍ သော်လည်းကောင်း ပြုလုပ်ရပြီး အရသာကောင်းမွန်သော ပဲပုတ်ချပ်များရရှိသဖြင့် စားသုံးသူများ အနေဖြင့် မီးကင်၍သော်လည်းကောင်း၊ ဟင်းချတ်၍သော်လည်းကောင်း၊ အခြားဟင်းလျာဖြင့် တို့စရာအဖြစ် စားသုံး၍ရသောကြောင့် ကြိုက်နှစ်သက်ကြကြောင်းလည်းသိရသည်။
ရဲတင့်(ပြန်/ဆက်)