ရေတာရှည်မြို့ ဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများအတွက် ဆေးဝါးနှင့် အာဟာရဖြည့်စွက်စာများလှူဒါန်း
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့ ဘိုးဘွားရိပ်သာရှိ အဘိုး၊ အဘွားများအတွက် ဆေးဝါးနှင့် အာဟာရဖြည့်စွက်စာများအား တောင်ငူခရိုင် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့မှ ယနေ့နံနက် ၉ နာရီခွဲအချိန်တွင် အဆိုပါ ဘိုးဘွားရိပ်သာ၌ ထောက်ပံ့လှူဒါန်းခဲ့သည်။