မြဝတီခရိုင်၌ စာပေချစ်မြတ်နိုးသူ (Youth Club) အသင်းဝင်များစုပေါင်း၍ စာဖတ်ဝိုင်းဆောင်ရွက်
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူ (Youth Club) အသင်းဝင်များစုပေါင်း၍ ယနေ့နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ခင်စုစုစံနှင့် မြနှင်းရည်ရှိန် မြန်မာပြန်ဆိုရေးသားသည့် “နှလုံးသားဖြင့်နားဆင်ပါ” သုတစာအုပ်ဖြင့် စာဖတ်ဝိုင်းဆောင်ရွက်ခဲ့ကြသည်။