မင်းလှ ဇွန် ၁၃
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် လူငယ်နှင့်မူးယစ်ဆေးအကြောင်း သိကောင်းစရာအသိပညာပေး Talk Show ဆွေးနွေးပွဲ အစီအစဉ်အား ယနေ့ နေ့လယ် ၁ နာရီချိန်က ဆောင်ရွက်ခဲ့သည်။
အသိပညာပေး Talk Show အစီအစဉ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဇင်မာဝင်းက အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်ကိုပြောကြား၍ မူးယစ်ဆေးဆိုတာ ဘာကိုခေါ်ပါသလဲ၊ မူးယစ်ဆေးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသောဆိုးကျိုးများ၊ ပြသနာများ၊ မူးယစ်ဆေးဝါးသုံးစွဲသူကို မည်ကဲ့သို့ ကျန်းမာရေးရှု့ထောင်မှ မည်သို့ပြုလုပ်ပေးရမလဲ စသည့်အချက်များကိုမေးမြန်း ဆွေးနွေးခဲ့ရာ မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ သမုတိမျိုးမြင့်က ပြန်လည်ဆွေးနွေးပြောကြားခဲ့သည်။
မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ စာပေပညာရှင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များဖိတ်ခေါ်၍ သက်ဆိုင်ရာကဏ္ဍအလိုက် Talk Show ဆွေးနွေးပွဲများကို ရိုက်ကူး၍ Online မှတဆင့် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
ပေါက်စ (ပြန်/ ဆက်)