အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့အကြို Talk Showဆွေး‌နွေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် ၂၀၂၃ခုနှစ် ဇွန်လ (၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို Talk Show ဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ (၁၃:၀၀) နာရီအချိန် လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းတွင်ကျင်းပပြုလုပ်ပါသည်။

အုတ်တွင်းမြို့နယ်အတွင်း သုံးစွဲရန်မသင့်သည့် ကုန်ပစ္စည်းများရောင်းဝယ်ဖောက်ကားမှုရှိမရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်အတွင်း ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)နှင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာနတို့မှဦးဆောင်၍ ယနေ့နံနက်ပိုင်းက သုံးစွဲရန်မသင့်သည့်ကုန်ပစ္စည်းများရောင်းဝယ်ဖောက်ကားမှုရှိမရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် စပါးသားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာ တောင်သူ သရုပ်ပြပညာပေးစိုက်ခင်း ၃ ဒသမ ၆ ဧကတွင် ကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးခြင်းကို လာရောက်လေ့လာသည့် မြို့နယ်ရှစ်မြို့နယ်မှ တောင်သူများအား တွေ့ဆုံအားပေး

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင်သည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဇေယျာသီရိမြို့နယ်၊ ရှာစေးဖိုကျေးရွာအနီးရှိ စပါးသားတက်ဆင့်ပွား စိုက်ပျိုးနည်းပညာ တောင်သူသရုပ်ပြ ပညာပေး စိုက်ခင်း ၃ ဒသမ ၆ ဧကတွင် ကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးနေမှုအား မြို့နယ်ရှစ်မြို့နယ်မှ စပါးစိုက်တောင်သူ ၃၀၀ ကျော်ခန့် လာရောက် လေ့လာကြည့်ရှုနေမှုကို သွားရောက်တွေ့ဆုံအားပေးသည်။

ဖြူးမြို့နယ် ရေသျှံကြီးကျေးရွာအုပ်စုအတွက် မိုးစပါးစိုက်ပျိုးနိုင်​ရေး ချေးငွေများ ထုတ်ချေးပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးတောင်သူများ စိုက်ပျိုးစရိတ်အတွက် အထောက်အကူဖြစ်စေရန်အတွက်ရည်ရွယ်၍ ၂၀၂၃ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းကမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)၌ ရေသျှံကြီးကျေးရွာအုပ်စုအတွင်းရှိ တောင်သူများအား ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င် ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လူငယ်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ

အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမ၀င် ရောင်း၀ယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် လူငယ်အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ ချောက် ဇွန် ၁၃ နိုင်ထက်မိုး (ချောက်မြို့နယ်၊ ပြန်/ဆက်)

ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် လူငယ်နှင့်မူးယစ်ဆေးဝါး အသိပညာပေး Talk Show ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နေ့လယ် ၁ နာရီက လူငယ်နှင့်မူးယစ်ဆေးဝါး အသိပညာပေး Talk Show ကျင်းပခဲ့ကြောင်း သိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်တိုင်းမှူး (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် မွန်ပြည်နယ်မှဆုရရှိခဲ့သော အားကစားသမားများအား  ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်

ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပပြုလုပ်သော (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် နိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ခဲ့သည့် မွန်ပြည်နယ်မှ ဆုရရှိခဲ့သော အားကစားသမားများအား  ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ Sun Shine Hotel ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးဗိုလ်မှူးချုပ်စိုးမင်း၊  ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ နိုင်ငံဂုဏ်ဆောင် အားကစားသမားများ တက်ရောက်ခဲ့သည်။

နောင်ချိုမြို့၌ လူငယ်နှင့်မူးယစ်ဆေး Talk Show ကျင်းပ

နောင်ချိုမြို့၌ လူငယ်နှင့်မူးယစ်ဆေး Talk Show ကျင်းပ နောင်ချို ဇွန် ၁၃ သန်းသန်းထွေး
Subscribe to