လူထုအခြေပြုဗဟိုဌာန (ကော့မှူး)၌ စာဖတ်ဝိုင်းကျင်းပ
ကျောင်းသား/ကျောင်းသူ လူငယ်များသည် နောင်တစ်ချိန်တွင် တိုင်းပြည်၏ အနာဂတ်ကြယ်ပွင့်များ ဖြစ်သည့်အတွက်ထူးချွန်ထက်မြက်ပြီး အကျင့်စာရိတ္တကောင်းမွန်သော လူတော်လူကောင်းလေးများ ဖြစ်လာစေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ ၃ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းအား ကျင်းပခဲ့ကြောင်း သိရသည်။